The Guest (2018)
The Guest(2018) K Drama
လူတွေရဲ့ အားငယ်စိတ် ၊ အမှောင်စိတ်တွေထဲကို ထိုးဖောက်ဝင်ရောက်ပူးကပ်ပြီး လူတွေကို အသက်အန္တရာယ်ပေးတဲ့ မကောင်းဆိုးဝါးတစ်ကောင်အကြောင်းကို ဇာတ်လမ်းပုံစံ ဖော်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ယခင်က fof မှာ တင်ပေးချိန်တုန်းကလည်း ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ကြည့်ရှူပြီးတဲ့ ပရိသတ်တွေရော ၊ မကြည့်ရှူရသေးတဲ့ ပရိသတ်တွေ အတွက်ပါ ယခုတဖန် fof ကနေပဲ ပိုမိုကောင်းမွန်သော မြန်မာစာတန်းထိုး အဖြတ်အတောက် ၊ စကားလုံးရွေးချယ်မှုကောင်းကောင်း ၊ ရုပ်သံကွာလတီ အမိုက်စားဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။
အဓိကသရုပ် ဆောင်တွေ အဖြစ် Along With the Gods ရုပ်ရှင်ထဲက ကင်ဆူဟုံအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား ကင်ဒုံဝု၊ Temperature of Love ဒရာမာထဲက မင်းသား ကင်ဂျယ်ဝု နဲ့ မင်းသမီး ဂျောင်အွန်းချယ်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သူတို့နှစ်ဦးဟာ ၁၁ နှစ်ကြာမှ The Guest ဇာတ်လမ်းတွဲနဲ့ ပြန်လည်ဆုံတွေ့ကြတာဖြစ်ပါတယ် ။ဇာတ်လမ်းအကြောင်းအရာကတော့ ကိုရီးယားလူမှုအသိုင်းအဝန်းမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ အကြောင်း၊ သိပ္ပံနည်းနဲ့အဖြေရှာလို့မရတဲ့ ထူးဆန်းမှုတွေအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီထူးဆန်းမှုတွေကို ဖြေရှင်းမယ့် လူ ၃ ဦးတော့ ရှိပါတယ်။ အကြားအမြင်ဆရာ၊ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ထောက်လှမ်းရေးမှူးတို့ပဲ ဖြစ်ပါတယ် ယွန်းဟွာဖြောင် (ကင်ဒုံဝု) ဟာ အကြားအမြင်ဆရာတဦးဖြစ်ပါတယ်။ သူဟာ အကြားအမြင်ပညာရှင် အသိုင်းအဝန်း မိသားစုထဲကနေ မွေးဖွားခဲ့သူဖြစ်ပြီးတော့ လူတွေဆီမှာ ဝင်ပူးနေလေ့ရှိတဲ့ မကောင်းဆိုးရွား တွေကို ရှာဖွေပြီး အဲဒီ့မကောင်းဆိုးရွားတွေကို နှင်ထုတ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ချွဲယွန်း (ကင်ဂျယ်ဝု) ကတော့ ခရစ်ယာန်ကတ်သလစ် ဘုန်းတော်ကြီးတဦးဖြစ်ပါတယ်။ လူတွေအပေါ် အဆိုးမြင်တတ်သူ ဖြစ်ပြီး သွေးအေးသူတယောက်လည်း ဖြစ်ပါတယ်။ တခြားသူတွေနဲ့ ပတ်သက်ဆက်နွယ်ပြီး ရှုပ်ရှုပ်ရှက်ရှက်နေရမှာ မကြိုက်တတ်သူတယောက်ပါ။ သူ့ကို တစ္ဆေနှင်သူတဦးအနေနဲ့ နာမည်ကျော်ကြားသူဖြစ်ပါတယ်။ဂန်ဂီယောင်း (ဂျောင်းအွန်းချယ်) ကတော့ ထောက်လှမ်းရေးမှူးတဦးဖြစ်ပါတယ်။ သူကတော့ မကောင်းဆိုးရွားနဲ့ ပရလောကဆိုတာကို ရှိတယ်လို့ ယုံကြည်တဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် ချွဲယွန်းနဲ့ ယွန်းဟွာဖြောင်တို့နဲ့တွေ့ပြီးတဲ့နောက်ပိုင်း သူ့ရဲ့ အတွေးအမြင်တွေ ပြောင်းလဲခဲ့ရပါတော့တယ်။သူတို့ ၃ ဦးရဲ့ သရဲနှင်ကြတဲ့ ပုံစံတွေ၊ ပရလောကနောက်ကွယ်က ဖြစ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမယ့် ဒရာမာ တခုဖြစ်ပါတယ်။
Episode-1
Episode-2

Comments
Post a Comment